တောင်တွင်းကြီးမြို့တွင် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းကြောင့် တောင်သူများ မိသားစုအပိုဝင်ငွေများရရှိ

တောင်တွင်းကြီး ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်သည် မြေဆီလွှာကောင်းမွန်၍ အပင်များ စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးရာတွင် မြို့နယ်အတွင်းရှ ိကျေးရွာများ၌ စိုက်ပျိုးတောင်သူများသည် မိမိတို့၏ စိုက်ခင်းတွင်တစ်ပိုင်တစ်နိုင် ဗူးသီး၊ ခရမ်းသီး၊ ဟင်းနုနွယ်၊ သခွားသီး၊ ငရုတ်သီး၊ မုန့်လာ၊ ချဉ်ပေါင်၊ ကန်စွန်းရွက်စသည့် ဟင်းသီး ဟင်းရွက်များနှင့် ဖူးစားပြောင်းများကိုပါ စိုက်ပျိုးခြင်းကြောင့် တောင်သူများ နေ့စဉ် မိသားစုအပိုဝင်ငွေ တစ်ရက်လျှင် (၄၀၀၀၀)ကျပ် အထိ ရရှိနေကြသည်။

တစ်ချို့ စိုက်ခင်းမရှိသည့် တောင်သူများသည် မိမိတို့၏ နေအိမ်ခြံဝင်းအတွင်း၌ ကန်စွန်းရွက်နှင့် ပဲတောက် ရှည်များ၊ ဗူးသီးများအား တစ်ပိုင်တစ်နိုင် စိုက်ပျိုး ထားမှုကြောင့် တစ်နေ့လျှင် မိသားစု အပိုဝင်ငွေ (၁၀၀၀၀)ကျပ်အထိ ရရှိနေကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)