ခင်ဦးမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား (ပထမအကြိမ်) ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချသွားမည်

ခင်ဦး ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အရပ်ရပ်အခွင့်အရေး လိုင်စင်များအား ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် (ပထမအကြိမ်) ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို ဖေဖော်ဝါရီလ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် ပတ်သက်၍ လေလံတင်ရောင်းချမည့် အစီအစဉ်မှာ BOT စနစ်ဖြင့် ဆောင်ရွက်သည့် လိုင်စင်များမှအပ သားသတ်လိုင်စင်များအား ခေါင်းခွန်ကောက်စနစ်၊ ကူတို့လိုင်စင်၊ ယာဉ်ရပ်နားခကောက်လိုင်စင်၊ ဈေးကောက်လိုင်စင်၊ အများသုံးအိမ်သာလိုင်စင်၊ ကျွဲနွားပွဲဈေးလိုင်စင်နှင့် အခြားအခွင့်အရေး လိုင်စင်များအား ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် (ဧပြီလမှ မတ်လထိ) တစ်နှစ် ဈေးပြိုင်စနစ်ဖြင့်လေလံတင် ရောင်းချဆောင်ရွက်သွားမည် ဖြစ်ပြီး သတ်မှတ်ထားသည့် လိုင်စင်စည်ကမ်းများအား လိုက်နာပြီး လေလံကြေး အပြေအကြေ ပေးသွင်သည့် လိုင်စင်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချသွားမည် ဖြစ်ကြောင်း မြို့နယ်အမှုဆောင်အရာရှိ ဦးထွန်းမင်းသန့် ၏ပြောကြားချက်အရ သိရသည်။

စိုးဝေအောင်(ခင်ဦး)