မိုးကုတ်မြို့နယ်၌ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲပြုလုပ်

မိုးကုတ် ဇန်နဝါရီ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ ပန်းခင်းစီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြားပေး အပ်ပွဲအခမ်းအနားကို ယမန်နေ့(၁၁)နာရီအချိန်က မြိုနယ်စီမံခန့်ခွဲရေးအဖွဲ့ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးအောင်မြင့်ကျော်က အခမ်းအနား အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လဝက ဦးစီးအရာရှိဦးထွန်းထွန်းမှ လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်မြင့်ကျော်၊ ဗိုလ်မှူးကျော်သူဆွေ၊ ရဲမှူးအောင်အောင်လွင်နှင့် မြို့နယ်လဝကဦးစီးအရာရှိ ဦးထွန်းထွန်းတို့မှ နိုင်ငံသား စီစစ်ရေးကတ်ပြား ရရှိသူတိုင်းရင်းသား/တိုင်းရင်းသူများအား နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ပေးအပ်ခဲ့ရာမြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူးဒေါ်မြင့်မြင့်ဉီး မှနိုင်ငံသားစီစစ်ရေးကတ်ပြား ရရှိသူများကိုယ်စားကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဉက္ကဋ္ဌများ၊ တိုင်းရင်းသား/တိုင်းရင်းသူ စုစုပေါင်း( ၁၂၀ )ကျော် တက်ရောက်ခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၇၀)ကတ် အားပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

နန်းခွာညိုနှင်း