မိုင်းဆတ် ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac)ထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများ၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ကို စနစ်တကျထိုးနှံ ပေးခဲ့သည်။
မြင့်မောင်