မင်းလှ ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မြို့နယ်အတွင်းရှိဈေးဆိုင်များနှင့်မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး လိုက်လံ အသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်၈ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပေးဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိဈေး ဆိုင်များနှင့်မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်း ပေါင်း ၄၀၀ ကျော်အား ယနေ့မှစ၍ ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ မင်းလှ