အင်းစိန်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်    ဇန်နဝါရီ    ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)နှင့် အခြေခံပညာဦးစီးဌာန(အင်းစိန်)တို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများစွာ ရရှိစေရန်၊ ဉာဏ်ရည် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်ထောင်စုနေ့ အကြောင်း သိကောင်းစရာ သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စာစီစာကုံး၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့ နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများကို အင်းစိန်မြို့နယ်၊ အ.ထ.က(၁) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ များက ဝင်ရောက်ယှဉ်ပြိုင်ကြရာ စာစီစာကုံးပြိုင်ပွဲကို ကျောင်းသားကျောင်းသူ(၁၇)ဦး၊ ပုံပြောပြိုင်ပွဲကို ကျောင်းသား၊ကျောင်းသူ(၁၀)ဦးနှင့် ကဗျာရွတ်ပြိုင်ပွဲကို ကျောင်းသားကျောင်းသူ (၁၀)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ(၃၇)ဦးတို့က အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲများအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်း သူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊အ.ထ.က(၁)အင်းစိန်ကျောင်းရှိ ဆရာ/ဆရာ များနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ ကြောင်း သိရသည်။

ဇွဲထက်ကို