ရခိုင်ပြည်နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်တွေ    ဇန်နဝါရီ   ၂၇

ရခိုင်ပြည်နယ်ပြည်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးအောင်မျိုးက ရခိုင်ပြည်နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စစ်တွေမြို့ သာသနာ့ဗိမာန်တော်၌ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ များကို ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊ သံဃာတော်အပါး ၂၀၀ အား ဆွမ်းဆန်စိမ်း လောင်းလှူမည် ဖြစ်ပါကြောင်း၊ ၎င်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရခိုင်ပြည်နယ်ရှိမြို့နယ် ၁၇ မြို့နယ်မှာ တစ်ပြိုင်နက် ဆက်ကပ် လှူဒါန်းသွားမှာ ဖြစ်ကြောင်း၊ အခမ်းအနား ပြင်ဆင်ရေး လုပ်ငန်းများကို ဇန်နဝါရီလ ၃၀ ရက်နေ့ ပြီးစီးဆောင်ရွက်ကြရန်နှင့် တစ်ခြားဖြည့်စွက် ဆောင်ရွက်ရန် လိုအပ်သည်များကို အသေးစိတ်ဆွေးနွေး တင်ပြကြစေလိုကြောင်းနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီးလျှင် လစ်ဟမှု မရှိစေရေး ပေါင်းစပ်ညှိနှိုင်းကြစေလိုကြောင်း ပြောကြားသည်။

တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး လူမှုရေး ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဇူလိုင်ကြယ်(ပြန်/ဆက်)