အင်္ဂပူမြို့နယ် ထူးကြီးမြို့တွင် ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက် 

အင်္ဂပူ ဇန်နဝါရီ    ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်ထူးကြီးမြို့ မြို့မစျေးနှင့် သမာဓိလမ်းတွင် စျေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ ဇန်နဝါရီလ ၂၇ရက်နေ့ နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပေးဆောင်ရွက်ရာတွင် ထူး​ကြီးမြို့မဈေးအတွင်းရှိ ဆိုင်ခန်းများအား ဇန်နဝါရီလ ၂၇ ရက်နေ့မှစ၍ ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေးလိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်စောင်ရေ (၂၀၀) အား ဖြန့်ဝေခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

မြို့နယ်