ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု သုံးသိန်းလေးသောင်းကျော် ထိုးပေးနိုင်ပြီဖြစ်

ညောင်ဦး  ဇန်နဝါရီ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၃၄၁၈၂၂ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်း မြို့နယ်တွင် သတ်မှတ်စုရပ် (၁၂)နေရာ၊ ညောင်ဦးမြို့နယ်တွင်သတ်မှတ်စုရပ် နေရာ(၁၂) နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၈၈၅၃၀ဦး၊ Sinopharm ဒုတိယအကြိမ် ၆၂၉၈၀ဦး၊ Sinovac ပထမအကြိမ် ၃၈၂၉ ဦး၊ Sinovac ဒုတိယအကြိမ် ထိုးပေးနိုင်မှု ၃၃၈၇ ဦး၊Phae-6 Covisheld ထိုးနှံမှုပထမအကြိမ် ၅၇၅၃ စုစုပေါင်း ၁၆၄၄၇၉ ဦးထိုးနိုင်ပေးခဲ့ပြီဖြစ် ကာ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးပေးနိုင်မှု ၉၅၁၉၁ဦး၊ ဒုတိယအကြိမ် Sinopharm ထိုးပေးနိုင်မှု ၆၈၅၂၀ဦး၊ Sinovacပထမအကြိမ်ထိုးပေးနိုင်မှု၅၂၉၄ဦး၊ Sinovacဒုတိယအကြိမ်၄၃၄၅ဦး၊ ဦး၊Phae-6 Covisheld ပထမကြိမ် ထိုးပေးနိုင်မှု ၃၉၉၃ပြီဖြစ်ကာပေါင်း ၁၆၈၆၁၉ဦးဖြစ်ကာ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း ပေါင်း ၃၄၁၈၂၂ဦး ထိုးပေးနိုင်ပြီဖြစ်ကြောင်း၊ ဆေးခွဲတမ်းရရှိမှုအပေါ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ ဝေးလံသည့် ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။

ကိုထိန်၊KPD