ရေဖြူမြို့နယ်၊ ပိန်းရှောင်ကျေးရွာတွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

ရေဖြူ   ဇန်နဝါရီ  ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပိန်းရှောင်ကျေးရွာအုပ်စုတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြည်သူများသို့  “ပန်းခင်း” စီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေခြင်းကို ယမန်‌နေ့ နံနက် ၉ နာရီက ပိန်းရှောင်ကျေးရွာအုပ်စုတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို ဖြန့်ဝေဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး “ပန်းခင်း” စီမံချက်နှင့် ပတ်သတ်၍ သိမှတ်ဖွယ်ရာများ၊ ရှေ့‌ပြေးလျှောက်လွှာများကို မြို့နယ်လဝကရုံးများ၌ အခမဲ့တောင်းခံနိုင်သည့် အချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရန်အတွက် ပြည်သူများမှ ကူညီပေးရမည့်ကိစ္စများ၊ မေးမြန်းစုံစမ်းရန် ဖုန်းနံပါတ်များ စသည့်အချက်အလက်များပါဝင်သော “ပန်းခင်း” စီမံချက် ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး လဲရှောင်ကျေးရွာပြည်သူများသို့  ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ် ဦးစီးမှူးရုံး မှ ဦးစီးအရာရှိ ဦးမျိုးမြင့်ထံက သိရသည်။

အဆိုပါ ပိန်း‌ရှောင်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ ရဲမှူးလှနောင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့် တို့က  ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ခတ်တာ