မိုးမိတ် ဇန်နဝါရီ ၂၇ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ယမန်နေ့ ည ၇ နာရီအချိန်မှစ၍ silent Strike (အသံတိတ်သပိတ်) နှင့် ပတ်သက်ပြီး ဒေသခံပြည်သူများသိရှိစေရေးအတွက် အသိပေးထုတ်ပြန်ချက်များကို မြို့ပေါ်ရပ်ကွက်များတွင် အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက် ခဲ့ကြောင်း သိရ သည်။
ထိုသို့နှိုးဆော် အသိပေးသတင်းထုတ်ပြန်ရာတွင် မိုးမိတ်မြို့ရှိဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စု အဖြစ် ကြေငြာထားသော CRPH ၊ NUG တို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် Facebook Account များမှတဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်ခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် နားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေလိုက်ပါဆောင်ရွက်ခြင်းနှင့် အသံဖြင့်ဖြစ်စေပြုလုပ်ခြင်း လှုံ့ဆော်ဝါဒဖြန့်မှုများ အပေါ် ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကိုပြုလုပ်မိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) နှင့် တည်ဆဲ ဥပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ခြင်းအား ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော် ထားကြောင်း သိရသည်။
အဆိုပါ အသိပေးထုတ်ပြန်ချက်များကို မိုးမိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနတို့က ပူးပေါင်း၍ အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)