ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများယှဉ်ပြိုင်
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဒွါရာဝတီဆောင်တွင် ကျင်းပပြုလုပ် လျက်ရှိသည်။