ပလောက် ဖေဖော်ဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နှင်းမြူ လွင်က (၁၈၂၄-၁၈၂၆)ဘကြီးတော်မင်းတရားလက်ထက်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ရခိုင်နှင့် တနင်္သာရီနယ်မြေများဆုံးရှုံးခဲ့ရပုံ၊ (၁၈၅၂ -၁၈၅၄) ပုဂံမင်းလက်ထက် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲတွင် အောက်မြန်မာနိုင်ငံတစ်ခုလုံးအပါအဝင် အထက်မြန်မာနိုင်ငံ မြေထဲမြို့အထိဆုံးရှုံးခဲ့ရပုံ၊ ၁၈၈၅ သီပေါမင်းလက်ထက် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲတွင် သီပေါမင်းပါတော်မူခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်ရောက်ရှိခဲ့ရပုံ၊ သူ့ကျွန်မခံလိုစိတ်ဖြင့် တိုင်းရင်းသားများနယ်ချဲ့အား ဆန့်ကျင်တော်လှန်ခဲ့ကြပုံ၊ မျိုးချစ်စိတ်ဖြင့် အမျိုးသားရေးအင်အားစုများ ပေါ်ပေါက်လာပုံများနှင့် ပင်လုံစာချုပ်နှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်မှုအကြောင်းများကို ကျယ်ကျယ်ဝင့်ဝင့် ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင်