ဇလွန် မြို့တွင် Silent Strike (အသံတိတ်သပိတ်)နှင့်ပက်သက်ပြီး ဒေသခံပြည်သူများသိရှိစေရေး အသိပေးထုတ်ပြန်ချက်များ နှိုးဆော်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် Silent Strike (အသံတိတ်သပိတ်)နှင့်ပတ်သက်ပြီး ဒေသခံပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်များနှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ ၅ နာရီအချိန်မှ စ၍ နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပင်လောင်းမြို့နယ်အတွင်းရှိ အများပြည်သူသိရှိနိုင်စေရန် သတင်းထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် လူမှု ကွန်ရက်များမှ လှုံ့ဆော်မှုများအတွင်း အများပြည်သူပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက် များအား အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာ ပူးပေါင်းရေး အဖွဲ့မှ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့ မြို့မစည်ပင်သာယာစျေးရှေ့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ မီးငြှိမ်းသတ်နည်းသရုပ်ပြ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းဝင်းနိုင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ဘူးသီးတောင်မြို့ မြို့မစည်ပင်သာယာစျေးရှေ့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်နည်းသရုပ်ပြ အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ် ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကြသည်။

ရပ်စောက်မြို့၌ အများပြည်သူသိရှိနိုင်စေရန် သတင်းထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် အများပြည်သူသိရှိနိုင်စေရန် သတင်း ထုတ်ပြန်ချက်များအား ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဘောဂလိမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပေးနှိုး‌ဆော်ချက်များ လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့ အတွင်းရှိ မိဘပြည်သူများအား သိရှိလိုက်နာရေးအတွက် ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်း အချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့်လည်နှိုးဆော် ခဲ့ကြသည်။

ကော့ကရိတ်မြို့၌ Silent Strike(အသံတိတ်သပိတ်)နှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူများသိရှိစေရေး အသိပေးကြေညာချက် ဗွီနိုင်းများစိုက်ထူ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် Silent Strike(အသံတိတ်သပိတ်)နှင့် ပတ်သက်သည့် အကြောင်း အရာများကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပေးကြေညာချက် ဗွီနိုင်းများစိုက်ထူခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က  ကော့ကရိတ် မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူစည်ကားရာနေများတွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။

တွံတေးမြို့နယ်၌ သတင်းထုတ်ပြန်ချက် စာစောင်များအား လိုက်လံဖြန့်ဝေခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ စျေးဆိုင်များ စက်ရုံ အလုပ်ရုံများနှင့် တွံတေး-လှိုင်သာယာ၊ တွံတေး- ဒလ၊ တွံတေး - မအူပင် ကားလမ်းမဘေးရှိ စျေးဆိုင်၊ စားသောက်ဆိုင်များအား ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ပုံမှန်ရောင်းချရေး သတင်း ထုတ်ပြန်ချက် စာစောင်များအား ယနေ့ နံနက်ပိုင်းက စတင်လိုက်လံဖြန့်ဝေခြင်း၊ အသံ ချဲ့စက်ဖြင့် ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့၌ အများပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်ခြင်းနှင့် ပါဝင်မှုမရှိစေရန် လက်ကမ်းစာစောင်များဖြန့်ဝေ

ကရင်ပြည်နယ်၊ ရှမ်းရွာသစ်မြို့တွင် လူမှုကွန်ရက်များတွင်ပျံနှံ့နေသော လှုံ့ဆော်မှုများ၌ အများ ပြည်သူ ပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေးကြေညာခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်၊ ရပ်ကွက်ကျေးရွာ အုပ်စုအတွင်းရှိ စာသင်ကျောင်းများ၊ အိမ်ဆိုင်၊ ဈေးဆိုင်များ၌ ဒေသခံပြည်သူများအား ပိုမိုသိရှိစေရန် ​အသိပေးခြင်းကို ဆောင်ရွက်ခဲ့သည်။

သီပေါမြို့နယ် တိုက်ပွဲရှောင်စခန်းများတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် တိုက်ပွဲရှောင်စခန်းများ တွင်ရောက်ရှိနေ သော တိုက်ပွဲရှောင်ပြည်သူများအား မြို့နယ်တိုက်ပွဲရှောင်ပြည်သူများ ကူညီကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ကြီးကြပ်ရေးကော်မတီမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်မြို့ရပ်ကွက်ရှိ (၂၅၀၀) ကျောင်းတိုက် တိုက်ပွဲရှောင်စခန်းနှင့် ဘော်ကြိုကျေးရွာအုပ်စု၊ ဘော်ကြိုဘုရားကြီးဓမ္မာရုံ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to