မအူပင် ဖေဖေါ်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ လူမှုဝန်ထမ်းဦးစီးဌာနက မအူပင်မြို့ ဘိုးဘွားရိပ်သာ၌ မြန်မာကလေးများနေ့အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်(၇)နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားတွင် မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းဝင်းအေးနှင့် ဝန်ထမ်းများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ကလေးငယ်များနှင့် မအူပင်မြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းမှ ကလေးငယ်များက မြန်မာကလေးများနေ့အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲတွင် ပိန်ပေါင်ဇွန်းကိုက်၊ မုန့်စား၊ ကြိုးသီ၊ ရေဗူးသယ်၊ အာလူးကောက်၊ အဝတ်စားဝတ်၊ ခွက်စီပြိုင်ပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ခိုင်(မအူပင်)