အိမ်မဲ ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှကျင်းပသည့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို မြို့မလူငယ်လေ့ကျင့်ရေးဘောလုံးကွင်း(သဲကွင်း)အနီးရှိ Happy ဖူဆယ်ဘောလုံးကွင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီတွင်ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဖွင့်ပွဲတွင် အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များကိုပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အဆိုပါပြိုင်ပွဲတွင် အသုံးပြုရန် ဖူဆယ်ဘောလုံးအားပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကလက်ခံရယူခဲ့သည်။
ဆက်လက်ပြီး(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပရာ ထွေ/အုပ် (ခ)အသင်းနှင့် ကျန်းမာရေးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားဖူဆယ်ဘောလုံးပြိုင်ပွဲကိုအသင်း (၈)သင်းပါဝင်ယှဉ်ပြိုင် မည်ဖြစ်ပြီး ဗိုလ်လုပွဲစဉ်ကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့နံနက် ၈ နာရီတွင်ကျင်းပမည်ဖြစ်ကာဆုရရှိသည့် အသင်းများကိုပါ ဆုများချီးမြှင့်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)