ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများယှဉ်ပြိုင်

မောင်တော ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယ‌နေ့နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဒွါရာဝတီဆောင်တွင် ကျင်းပပြုလုပ် လျက်ရှိသည်။

အဆိုပါ အခြေခံပညာအထက်တန်းအဆင့် ကဗျာပြိုင်ပွဲကို ကျင်းပပြုလုပ်ရာတွင် အမှတ်(၁)/အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄)အလယ်တန်းကျောင်း(ခွဲ)၊ အ.ထ.က(၄)မိုင် ကျောင်းတို့မှ ကျောင်းသား/သူ (၆)ဦးတို့မှ “ပြည်ထောင်စုအမွေ ကမ္ဘာတည်စေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံ ပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကို  အမှတ်(၁)/အမှတ်(၂) အခြေခံပညာ  အထက်တန်းကျောင်း၊ အ.ထ.က(၄)မိုင် ကျောင်းတို့မှ ကျောင်းသား/ သူ (၈) ဦးက “စိန်ရတု ပြည်ထောင်စုနှင့် အနာဂတ် ရောင်စုံပန်းခင်းများ”ခေါင်းစဉ်တို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲများတွင် ဆုရရှိ သည့် ကျောင်းသား/သူ များကို ဖေဖော်ဝါရီ  ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အောင်ကျော်စိန်၊ သက်လွင်စိုး