‌စားသုံးသူရေးရာဦးစီးဌာနမှ စားအုန်းဆီအစား ပြည်တွင်းစားသုံးဆီ အစားထိုးသုံးစွဲမှုမြင့်မား လာစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများ ထုတ်လုပ်ဖြန့်ဖြူးရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်၊ ပြည်ပနိုင်ငံများမှတင်သွင်းသည့် စားအုန်းဆီအစား ပြည်တွင်းဆီ အစားထိုးသုံးစွဲမှု မြင့်မားလာစေရေးနှင့် ကျန်းမာရေး နှင့်ညီညွတ်သည့် စားသုံးဆီများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး စစ်ဆေး ပညာပေးခြင်းများကို၊ ဖေဖော်ဝါရီ(၈)ရက်နေ့ နံနက်(၁၀)နာရီက မြို့ပေါ်ရှိ ဆီစက်လုပ်ငန်း လုပ်ကိုင်ရာဌာနများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျိုက်ဒုံမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို (Talk Shaw) ဆွေးနွေးပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Shaw) ဆွေးနွေးပွဲ ကျင်းပသည်။

ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲ ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခမ်းအနားမှူးသင်တန်းနှင့် ယှဉ်ပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်နိုင်စေရေးရည်ရွယ်ပြီး ယမန်နေ့က အခမ်း အနားမှူး သင်တန်း ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး ယှဉ်ပြိုင်ပွဲပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။

မိုးကောင်း၌ စာကြည့်တိုက်ကြီးကြပ်မှုကော်မတီလုပ်ငန်း ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ စာကြည့်တိုက် ကြီးကြပ်မှုကော်မတီလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ နေပြည်တော်၌ကျင်းပ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် ပညာရေးမှူးရုံးမှ ကြီးမှူးပြီး ကျောင်းသား/ကျောင်းသူ များ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသည့် ဗဟုသုတများကို သိရှိနားလည်စေရန်နှင့် ဉာဏ်ပညာ စွမ်းရည်၊ နှုတ်မှု စွမ်းရည်၊ သရုပ်ဖော်စွမ်းရည်များ ရရှိစေရန်ရည်ရွယ်၍

မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ငရုတ်စိုက်ဧက(၁၁၉၃)ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ငရုပ်စိုက်ဧက (၁၅၄၁) ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ(၁၁၉၃)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း အ.ထ.ကခွဲ(၂၅) တို့ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့်(၇၅) နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုအဖြစ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

နမ္မတူတွင် အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် Covishield အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် အပတ်စဉ်အင်္ဂါနေ့နှင့် ကြာသပတေး နေ့များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် Covishield အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမားရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
Subscribe to