ကော့ကရိတ်မြို့၌ (၆)ကြိမ်မြောက် သာသနမာမက သာသနလင်္ကာရသာမဏေကျော်စာမေးပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်  (၆)ကြိမ်မြောက် သာသနမာမက သာသနလင်္ကာရသာမဏေကျော်စာမေးပွဲကို ယနေ့မွန်းလွှဲ (၁)နာရီအချိန်က ကော့ကရိတ်မြို့နယ်၊ ကော့ဝါလဲကျေးရွာ၊ အေးချမ်းသာယာတောရကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်း ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည်။

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဆန်စပါးဖူလုံရေး မိုးစပါးရာသီမှစတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ကချင်ပြည်နယ်၊ပူတာအိုခရိုင်ဆန်စပါးဖူလုံရေးအတွက်လာမည့်မိုးစပါးရာသီမှစတင်၍အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီ(၂၆)ရက်နေ့က မချမ်းဘော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပြီး အခမ်းအနားအပြီးတွင် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်တောင်သူများအား ပူတာအိုဒေသ ဆန်စပါးဖူလုံရေးအတွက် ဆောင်ရွက်မည့်အခြေအနေများကိုတွေ့ဆုံ မေးမြန်းခဲ့ရာ ယခုလိုဖြေကြားခဲ့ပါသည်။

ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ်သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယအကြိမ်နှင့် ဆမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

လွိုင်လင်မြို့၌ အများပြည်သူများသိရှိစေရန် ထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် အသိပညာပေးဆော်ဩခြင်း လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဒုတိယနေ့အဖြစ် မြို့မဈေးကြီးနှင့် အများပြည်သူသွားလာနေသော လမ်းဆုံများ၊ ရပ်ကွက်အတွင်းလမ်းများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းများ ဆောင်ရွက် 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ မြို့မ‌နေခြည်စျေး၊ သပြေကုန်း‌‌ဈေးနှင့် မြို့ပေါ်ရပ် ကွက်များရှိ စားသောက်ဆိုင်များ၊ တည်းခိုခန်းများ၊ အပေါင်ဆိုင်များအား  စနစ်တကျပုံမှန်ဖွင့်လှစ်ရောင်းချရေး လိုက်လံအသိပေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပူတာအိုခရိုင်အတွင်း ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းနှင့် ဝန်ထမ်းများအား တွေ့ဆုံအားပေးထောက်ပံ့

ပူတာအိုခရိုင်အတွင်းရှိ ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ အားပေး ထောက်ပံ့ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်တို့က ဇန်နဝါရီ ၂၆ ရက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရသေ့တောင်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ်

ရခိုင်ပြည်နယ် ရသ့တောင်မြို့၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အသိ ပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ သည်။

ဟားခါးမြို့နယ်တွင် သတင်းထုတ်ပြန်မှုများအား သိရှိနိုင်ရန် အသိပေးနှိုးဆော်ခြင်းဆောင်ရွက်

အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းမရှိစေရန် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂)အား လိုက်နာရန် ဈေးဆိုင်များအား အသိပေးကြေညာ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂) အား လိုက်နာရန် ဈေးဆိုင်များအား အသိပေးကြေညာခြင်းကို ယမန်နေ့ နေ့လည် ၁၂နာရီမှ စတင်၍ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိဈေးများ၊ ရပ်ကွက်ဈေးများ၊ စားသောက်ဆိုင်များ ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် လုပ်ငန်းများတွင် ပြုလုပ်ခဲ့သည်။
Subscribe to