ကရင်ပြည်နယ် ပိုင်ကျုံမြို့ ကြက်တူရွေး ကျေးရွာအုပ်စု ထီးဖိုးခီး-ကမား ကျေးရွာချင်းဆက် လမ်းအား ကျောက်ရောမြေသားလမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့် ပြီးစီး

ပိုင်ကျုံ  ဖေဖော်ဝါရီ   ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေ ပြည်သူများ သွားလာမှု အဆင်‌ပြေစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့‌ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ‌ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ကြက်တူရွေး ကျေးရွာအုပ်စု ထီးဖိုးခီး-ကမား ကျေးရွာချင်းဆက်လမ်းအား ကျောက်ရော မြေသားလမ်းခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းသည် (၁မိုင်x၁၄ပေx၁ပေ)ရှိပြီး ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာ‌ရေးနှစ် (ပထမအကြိမ်) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင်ဆင်းရဲမှုလျှောချ‌ရေး ရန်ပုံငွေ(၄.၉)သန်း ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ကျေးရွာတာဝန်ရှိသူတို့မှ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ယင်းလုပ်ငန်းများ ပြီးစီးမှုကြောင့် ဒေသနေပြည်သူများ၏ လူနေမှုဘဝနှင့်သွား‌ရေးလာ‌ရေးအတွက် အဆင်‌ပြေ လွယ်ကူ‌လာပြီး ဖြစ်ကြောင်း သိရှိရသည်။

စောဂျိုးဇက်ဂျူး