ကလိန်အောင်မြို့တွင် အသိပေးထုတ်ပြန်ချက်အား ဒေသခံပြည်သူများသိရှိစေရေး အသိပေးဗီနိုင်းပိုစတာများ စိုက်ထူခြင်းဆောင်ရွက်

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် Silent Strike (အသံတိတ်သပိတ်)နှင့်ပက်သက်ပြီး ဒေသခံပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက် ဗီနိုင်းပိုစတာများစိုက်ထူခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့အဝင်တံတားကြီးနှင့်‌ လူစည်ကားရာနေရာများတွင် စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့၌ ဒေသဖွံ့ဖြိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်း အဖွဲ့မှ ယနေ့နံနက်က ကံသာကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံကာအသိပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားနှင့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကား ပြောကြားသည်။

ရှမ်းရွာသစ်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို သရေကွင်းကော်ပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို သရေကွင်း‌ကော်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

မအီမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိ

ရခိုင်ပြည်နယ် သံတွဲခရိုင်၊ မအီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ပြင်ဝန်း) သို့သွားရောက် ငှားရမ်းပေးခဲ့သည်။

ပင်လုံမြို့၌ အများပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေးနှိုးဆော်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် အကြမ်းဖက်အဖွဲ့ဝင်များ၏ နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများအနေဖြင့် ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နေ့လယ် (၁၁)နာရီ အချိန်ခန့်က မြို့ပေါ် (၄)ရပ်ကွက်တွင် အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးကြေညာခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့၌ သတင်းထုတ်ပြန်မှုများအား သိရှိနိုင်ရန် အသိပေးနှိုးဆော်ခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် Silent Strike (အသံတိတ်သပိတ်)နှင့် ပက်သက်ပြီး ဒေသခံပြည်သူများ သိရှိစေရေးအသိပေး ထုတ်ပြန်ချက်များကို ယမန်နေ့ နံနက်နှင့် ညတို့တွင် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

မိုင်းယောင်း၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အကြောင်းသိကောင်းစရာများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရန် အသိပညာပေးခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာ ပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယ‌နေ့နံနက်ပိုင်းက ကာကွယ်ဆေး ထိုးရန် စုရပ်ဖြစ်သည့် ပိုင်ကျုံတိုက်နယ်ဆေးရုံ၌ ကရင်/မြန်မာ နှစ်ဘာသာဖြင့် နှိုးဆော်ပေးလျက်ရှိ‌ကြောင်း သိရသည်။

ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အိုမီခရွန်(Omicron)ရောဂါဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင်  အိုမီခရွန်(Omicron)ရောဂါဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to