အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covid shield) ထိုးနှံပြီးသူများအား (Booster Dose) ထပ်မံထိုးနှံပေး

အုတ်ဖို   ဖေဖော်ဝါရီ   ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ စီစဉ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covid shield) ထိုးနှံပြီး၍ ကာလ(၆) လနှင့် အထက်ရှိသူ၊ အသက်(၆၅)နှစ်အထက် အဘိုး၊ အဘွားများနှင့် ဌာန ဆိုင်ရာဝန်ထမ်းများအား (Booster Dose) ထပ်မံထိုးနှံ ပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံပေးရာတွင် မြို့နယ်ဆရာဝန် ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) အား (Covid shield) ထိုးနှံပြီး၍ (၆)လနှင့်အထက်ရှိ ပြည်သူများ လာရောက်ထိုးနှံနိုင်ရေးကို ရပ်ကွက်/ ကျေးရွာများရှိပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်ပေးလျက်ရှိ ကြောင်းသိရသည်။

အောင်သူ(အုတ်ဖို)