ပုဇွန်တောင် ဖေဖော်ဝါရီ ၈
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုနေ့ အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၁၀) နာရီအချိန်က ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဇွန်တောင်မြို့နယ်ရုံး၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်မြတ်သီရိခိုင်က အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူ များအား အသိပညာ ဗဟုသုတရစေရန် Online မှတဆင့် အသိပညာပေး အစီအစဉ်များ လစဉ်ရိုက်ကူး လွှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲကိုတွင် ဆရာမညွန့်ညွန့် (ကလော) မှ ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံ အကြောင်းအရာများ၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ၊ နေထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့ကို အစဉ်အမြဲ သတိရစေရေး အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခဲ့သည်။
ပုဇွန်တောင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) များကို ပုဇွန်တောင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
မြတ်သီရိခိုင် (ပြန်ဆက်)