လိပ်သို ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre) တွင် ယနေ့နံနက် (၉)နာရီအချိန်က ယာဉ် စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး (Talk Show) ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး Talk Show ကို လိပ်သိုမြို့ နယ်မြေခံရဲစခန်းမှူး ရဲအုပ်ရဲလင်းကနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး နော်နီလာအေးတို့က ဆွေးနွေးခဲ့ကြပြီး၊ယာဉ်မမောင်းမီစစ်ဆေးပါ၊ ယာဉ်တိုက်မှု ဖြစ်ပွားစေသည့် အကြောင်းရင်းများ၊ ယာဉ်မောင်းသူများ လိုက်နာရန်အချက်များ၊ မြိုတွင်းလမ်းမများတွင် တပ်ဆင်စိုက်ထူထားသော သင်္ကေတအမှတ်အသားများ၏ အဓိပ္ပာယ်များ၊အစရှိသည့် ယာဉ် စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်သည့် အကြောင်းအရာများ အချက်အလက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နော်နီလာအေး