မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း ဆွေးနွေပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာ အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကဏ္ဍများအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆွေးနွေးပြောကြား ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးမင်းထက်မှူးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပြီး အဖွဲ့ဝင်ဦးတင်လှိုင်က ပညာရေးဌာနမှ ပြိုင်ပွဲများ စီမံဆောင်ရွက်မှု အခြေအနေများ နှင့် အားကစားပြိုင်ပွဲများ ပါဝင်ဆောင်ရွက်မှု အခြေအနေများအား တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အပြန်အလှန် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)