ရေဖြူ ဖေဖော်ဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ လူနာများရှိလာပါက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကိုဗစ် စင်တာများ ကြိုတင်ကာ ပြန်လည်ပြင်ဆင်ခြင်းကို ယမန်နေ့ ညနေ (၄)နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြောင်း သိရသည်။
ရေဖြူမြို့နယ်၊ မီးသတ်ဝန်ထမ်းအိမ်ရာ ကိုဗစ်စင်တာတွင် ကိုဗစ်ပိုးတွေ့ လူနာများကို အများဆုံးထားရှိကာ ရေရရှိရေး၊ လျှပ်စစ်မီးများ ပြန်လည်ပြင်ဆင်ခြင်း၊ အိမ်ခန်း၊ အိမ်သာ၊ ရေချိုးခန်းများ သန့်ရှင်းရေးဆောင်ရွက် ထားရှိမှုအခြေအနေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်းက ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။