ဝက်လက်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းခတ် ပြိုင်ပွဲကျင်းပပြုလုပ်

ဝက်လက် ဖေဖေါ်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ ရွှေလှံဗိုလ် အားကစားကွင်းအတွင်းရှိ အားကစား ခန်းမတွင် ယနေ့ နံနက် ၈ နာရီ အချိန် မှ စတင်၍ ၂၀၂၂ ခုနှစ် ဖေဖေါ်ဂါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပိုက်ကျော်ခြင်းခတ် ပြိုင်ပွဲတွင် အသင်းတစ်သင်းလျှင် သုံးယောက်တွဲ ပြိုင်ပွဲများဖြင့် ဌာနဆိုင်ရာ အသင်း၇ သင်းမှ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့အထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

အဆိုပါ ဌာနပေါင်းစုံပိုက်ကျော် ခြင်းခတ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အသင်း ၇ သင်းမှာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ ဥပဒေရုံးအသင်း၊ မီးသတ်ဦးစီးဌာနအသင်း၊ စက်မှူလယ်ယာ ဦးစီးဌာန အသင်း၊ စည်ပင်သာယာရေးအဖွဲ့အသင်း၊ မြေစာရင်းဦးစီးဌာနအသင်း၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ဆုရရှိသော အသင်းများကို ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားတွင်ဆုများ အသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)