ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြတ်သီရိ ကိုယ်ထူကိုယ်ထ ပျံကျစျေးတွင် မြို့အုပ်ချုပ် ရေးမှူး ဦးဆောင်၍ မြို့အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်၁၉ ရောဂါအသိပညာပေးလုပ်ငန်းများနှင့် Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် (၇)နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ခြင်းဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက "စျေးသွား စျေးလာများနှင့် စျေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် mask တပ်ဆင်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မဖြစ်မနေ ထိုးကြရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးပါက စျေးရောင်းချခွင့်ပြုမည် မဟုတ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သောဆောင်ရန်၊ ရှောင်ရန်အချက်များ" စသည့်တို့ကို စျေးအတွင်း လှည့်လည်၍ အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
နွေးနွေးအောင်ကြွယ်