လားရှိုး ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ပြည်ထောင်စုအားကစားကွင်း၊ လေ့ကျင့်ရေးအားကစားရုံတွင် ဖေဖော်ဝါရီလ (၈)ရက်နေ့က ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အဆိုပါလေ့ကျင့်ရေး အားကစားရုံတွင် အသက်(၂၅)နှစ် အောက်အမျိုးသား ဘတ်စကက်ဘော အုပ်စုပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ကစားလျက်ရှိသည်။
အဆိုပါ အသက်(၂၅)နှစ် အောက်အမျိုးသား ဘတ်စကက်ဘောအုပ်စုရှုံးထွက်ပြိုင်ပွဲများကို အုပ်စု(၂)စု၊ အသင်း(၉)သင်းဖြင့် ဖေဖော်ဝါရီလ(၈) ရက်နေ့မှ (၁၁) ရက်နေ့ထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။
ဗိုလ်လုပွဲအား ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုရရှိသော ပြိုင်ပွဲဝင်အသင်းများအား ခရိုင်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌမှ တက်ရောက်၍ ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။စိုင်းအောင်ကျော်စိုး