ပခုက္ကူ ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာကျောင်း၌ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည် ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ထုပ်စီးထိုး၊ သံလုံးပစ်၊ လှံတံပစ်နှင့် မီတာ(၁၀၀)အပြေးပြိုင်ပွဲများစသည့် အခြေခံပညာကျောင်းအဆင့် အားကစား ပြိုင်ပွဲလေးမျိုး ကျင်းပကြကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲများတွင် ပခုက္ကူမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း ငါးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ထုပ်စီး ထိုးပြိုင်ပွဲ ငါးသင်း၊ သံလုံးပစ်ပြိုင်ပွဲ (ကျား+မ) ၁၀ သင်း၊ လှံတံပစ်ပြိုင်ပွဲ (ကျား+မ) ၁၀သင်း၊ မီတာ(၁၀၀)အပြေးပြိုင်ပွဲ (ကျား+မ) ၁၀သင်း စသည့် အားက စားပြိုင်ပွဲလေးမျိုးကျင်းပကြသည်။ ယင်းပြိုင်ပွဲများအလိုက် ဆုရရှိသူများကို ပခုက္ကူခရိုင်နှင့် မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ များစုပေါင်း၍ (၇၅)နှစ် မြောက်စိန်ရတုပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)