လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ကျောင်းသား/သူများ၊ လူစည်ကားရာနေရာများ၊ ဈေးဆိုင်များနှင့် ရပ်ကွက် နေပြည်သူများတို့အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ပြောကြားခဲ့သည့် ပင်လုံမြို့စော်ဘွားများ ထမင်းစားပွဲတွင် ပြောကြားခဲ့သော မိန့်ခွန်းမှကောက်နှုတ် ချက်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် နိုင်ငံတော်အခြေအနေ အရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းမှကောက်နှုတ်ချက်၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ "ပြည်ထောင်စုသား ဒို့လက်များသည်" ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရသည်။
စောဒိ