ကမမောင်း ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်(Community Centre)ခန်းမတွင် ယမန်နေ့က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ယဉ်ယဉ်အေးက ကျောင်းသား/ကျောင်းသူများ စာဖတ်ခြင်းအားဖြင့် နှုတ်၏စွမ်းရည်များ တိုးတက်လာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲအား ကျင်းပဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျောင်းသား/ကျောင်းသူ(၂၀)ဦးက မိမိတို့ကြိုက်နှစ်သက်ရာ စာအုပ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
ကမမောင်း(ပြန်/ဆက်)