ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးအရောင်းဆိုင်များအား အသိပညာ ပေးခြင်းနှင့် ရှောင်တခင်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးဆောင် သောမြေ၊ မျိုး၊ ပိုးတာဝန်ခံများနှင့် တာဝန်ရှိဝန်ထမ်းများမှ ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ စိုက်ပျိုးရေး လုပ်ငန်းသုံး ပိုးသတ်ဆေးအရောင်းဆိုင်များအား အသိပညာပေးခြင်းနှင့် ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် (Talk Show) အစီအစဉ် ခင်ဦးမြို့တွင် ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် (Talk Show) အစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့သည်။

ငရုတ်ကောင်းမြို့တွင်၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ စျေးပြိုင်လေလံစနစ်ဖြင့် လေလံရောင်းချပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ စည်ပင်သာယာရေးကော်မတီ၏၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေးလိုင်စင်များ စျေးပြိုင်လေလံစနစ်ဖြင့် လေလံရောင်းချပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့ သည်။

သာယာဝတီ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ရေနံချောင်းတက္ကသိုလ်၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်း(၁/၂၀၂၂) သင်တန်းဖွင့်လှစ် ပို့ချလျက်ရှိ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ရေနံချောင်းတက္ကသိုလ်တို့ ပူးပေါင်း၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်း(၁/၂၀၂၂) သင်တန်းကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ကျောင်း ပတ္တမြားခန်းမ၌ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့ အ.ထ.က‌ ကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကျောင်းသားလူငယ်များ ပြည်ထောင်စုနေ့ ဦးတည်ချက်များ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ် လာပုံနှင့် အနှစ်သာရတို့ သိရှိထိန်းသိမ်းတက်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းတွင်းစာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က ပိုင်ကျုံမြို့ (အ.ထ.က)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်း(အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ် တန်း (အမျိုးသား )ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲနှင့် ပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတောင်းမြို့ အ.လ.က(ဝိန်းကောင်း)ကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက် (၉:၃၀) အချိန်ခန့်က ကျိုင်းတောင်းမြို့ အခြေခံပညာအလယ်တန်းကျောင်း(ဝိန်းကောင်)ကျောင်းသို့ ကွင်းဆင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်ဓာတ်ပုံပြပွဲများနှင့် နံရံကပ် စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် (၁၀) မြို့နယ် လှေလှော်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် (၁၀) မြို့နယ်လှေလှော်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် မုဒုံမြို့ကန်ကြီးစေတီတော် မင်္ဂလာကန်တော်၌ ကျင်းပသည်။

မိုင်းတုံမြို့၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ  Community Centre ခန်းမ၌ လူမှုကာကွယ်‌စောင့်ရှောက်ရေး (MCCT) ထောက်ပံ့ရေးအကြောင်း သိကောင်းစရာ Talk Show  ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ၊ Community Centre ခန်းမတွင် ယနေ့နံနက်၁၀ နာရီက(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်လူမှုကာကွယ်‌ စောင့်ရှောက်ရေး(MCCT) ထောက်ပံ့‌ရေးအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် Talk   Show ဆောင်ရွက်ခဲ့သည်။
Subscribe to