ပန်းတောင်း ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(TSDP)အရ ကျင်းပ ပြုလုပ်သော အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အလွတ်တန်းမီမာရသွန်ပြိုင်ပွဲ၊ အလွတ်တန်းစားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့ မှူးရဲမှူးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး အားကစားသမားများ အားလုံးမှ အားကစားသစ္စာအဓိဌာန်(၄)ချက် ရွက်ဆိုခဲ့ကြောင်း သိရသည်။
ထို့နောက်အလွတ်တန်း မီနီမာရသွန်အမျိုးသား/ အမျိုးသမီးဆုရရှိသူများကို မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးသန်းလွင်၊ လ.ဝ.က ဦးစီးမှူး ဦးကျော်ဝင်း၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကိုကိုဝေဟိန်း၊ ပန်းတောင်းမြို့မဒုရဲမှူး ဦးမျိုးသန့်စိန်၊ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ခင်လှတိုး၊ မြို့နယ်အားကစားမှူး ဒေါ်စောမာလာတို့က ဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး