အထက်မင်းလှ ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်းဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို မြို့နယ်အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက လယ်ပြင်အသင်းနှင့် မလွန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည်။
မင်းလှမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် အုပ်စု(၂)ခုခွဲ၍ အသင်း (၆)သင်း ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ယမန်နေ့ပွဲစဉ်တွင် အုပ်စု(က)လယ်ပြင်အသင်းနှင့် အုပ်စု(ခ) မလွန်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားခဲ့ကြရာ ပင်နတီအဆုံးအဖြတ်ဖြင့် လယ်ပြင်အသင်းမှ (၅)ဂိုး၊ မလွန်အသင်းမှ (၃)ဂိုး ရရှိခဲ့သည်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသည့် ဘောလုံးအသင်းများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)