မေတ္တာ ဖေဖော်ဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ မေတ္တာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွါးမှုမဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ရောဂါပြန့်ပွါးမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် အသိပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က မေတ္တာမြို့ပေါ်ရပ်ကွက်တွင်အသိပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှု နိုင်ငံအရေအတွက် ပိုမိုများပြားလာပြီး မိမိတို့နိုင်ငံတွင်လည်း ကူးစက်မှုရှိ လာပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ်တားဆီးနိုင်ရေး သတိပြုကြရမည်ဖြစ်သော် လည်း ကြောက်စရာ မဟုတ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ရှားခြင်း၊ အပြင်ထွက်တိုင်း(Mask)ကို စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်း စသော စည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံး သွားကြရန် တိုက်တွန်းနှိုးဆော်ခဲ့ပြီး နှာခေါင်းစည်း Mask များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင့် သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် မေတ္တာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး၊ ဦးသူရထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များတို့ ပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
သိန်းသိန်း( မေတ္တာ)