ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန် အာဟာရဗေဒသင်တန်း ဖွင့်လှစ်ပို့ချ

ဇီးကုန်း     ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရန်နှင့် မှန်ကန်သောအစာအာဟာရ ကျွေးမွေးနိုင်ရန်ရည်ရွယ်၍ တိရစ္ဆာန်အာဟာရဗေဒသင်တန်းကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်ပြည်လမ်းရှိ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ပို့ချခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ တက်ရောက်ခဲ့ပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်အောင် အဖွင့်အမှာစကား ပြောကြား၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါက်တာ ဦးဇော်မင်းဦးက သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး  သင်တန်းကို ဆက်လက်ပို့ချခဲ့သည်။

ဇီးကုန်းမြို့နယ်အတွင်း  မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရန်နှင့်  မွေးမြူရေးလုပ်ကိုင်သူများအနေဖြင့် မှန်ကန်သော အစာအာဟာရ ကျွေးမွေးနိုင်ရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ် ခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ထံမှသိရသည်။

တင့်ဆွေ(ပြန်/ဆက်)