တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အုန်းတော (၁) (၂) ရပ်ကွက်၊ ဘူတာပတ်လမ်းအရှည် (၃၂၀၀) ပေ၊ အကျယ် (၂၀) ပေ၊ ထုလက်မ ကတ္တရာလမ်းအား (၇၂.၇၀၀) သန်းဖြင့် တစ်ဖက်(၃)ပေစီ ချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း စသည့်အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း သန့်ရှင်းသာယာလှပပြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ ရေစီးရေလာကောင်းမွန်စေရန်၊ ရေမြောင်းများတူးဖော်ခြင်း၊ အမှိုက်သရိုက်များ ကင်းစင်စေရေး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အများပြည်သူသွားလာရေး အဆင်ပြေစေရန် ကတ္တရာလမ်း ခင်းခြင်း၊ ပြုပြင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)