စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက်ပိုင်းတွင် ကောလင်းခရိုင်၊ ပင်ဘည်ဘူးမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမတွင် မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမူရေးအသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်း တာဝန်များကို သစ္စာရှိပြီးစည်းလုံးစွာဖြင့် ကျေပွန် အောင်ထမ်းဆောင်နေကြသည့်အတွက် အသိအမှတ်ပြုဂုဏ် ယူဝမ်းမြောက်ပါကြောင်း၊ လူမူမိဒိယာများတွင် ဝန်ထမ်းများနှင့် ပြည်သူများအား အကြောက်တရားဖြစ် ပေါ်လာအောင် ခြိမ်းခြောက်ကာ မဟုတ်မမှန် ပြောဆိုနေမှုများနှင့်၊ လုပ်ဆောင်နေမှုများကို ယုံကြည်လိုက်နာစရာ မလိုပါကြောင်း၊ လုံခြုံရေးအသိသတိတို့ဖြင့် နေထိုင်သွားလာကြရန်နှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး တရား ဥပဒေစိုးမိုးရေး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်အောင် ဆောင်ရွက်နေမှု အခြေအနေ များအား ပြောကြားခဲ့သည်။