မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ခြင်း အထိမ်းအမှတ် မှိုမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေးသင်တန်းဖွင့်လှစ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုခြင်း အထိမ်း အမှတ် မှိုမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ကျင်းပပြုလုပ်ရာ မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးသက်အောင်နှင့် ဝန်ထမ်းများ မုံရွာမြို့နယ် ရွှေပြည်အေးရပ်ကွက် ခဝဲကျင်ကျေးနယ်မြေ(၁)မှ တောင်သူများ တက်ရောက်ခဲ့ကြသည်။