ကျောက်မဲမြို့နယ်၌ သံဃာ့အဖွဲ့အစည်း အနားယူ/အစားထိုးရွေးချယ်ပွဲ အခမ်းအနားကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ မြို့နယ်သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် အနားယူ/ အစားထိုး ရွေးချယ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမ၌ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းများနှင့်အညီ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။