လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လယ် ဝေးမြို့ သီရိရတနာခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခမ်းအနားမှူး (Master of Ceremony) စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် အခမ်းအနားမှူး (Master of Ceremony) စွမ်းဆောင်ရည်မြှင့်တင်ရေးသင် တန်းကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

မိုင်းနောင် အထကကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ပြုလုပ်ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်တွင် (၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့အကြောင်း အသိပညာပေး(Talk Show)ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာရေးဆရာရွှေကျွန်းမောင် (ခမောက်စု)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နေ့လည်ပိုင်း၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြောင်း အသိပညာပေး(Talk Show) ပြုလုပ်ခဲ့သည်။

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်

ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အများပြည်သူအားကစားကို လေ့လာလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်၍ ပျော်ရွှင်ချမ်းမြေ့သော လူမှုအသိုက်အဝန်းတစ်ခု ပေါ်ပေါက်လာစေရေး အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိရာ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၄ နာရီခန့်က ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Showကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်္ဂပူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လည် ၂ နာရီက (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ကျင်းပဆောင်ရွက်ခဲ့သည်။

ချီဖွေမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ရပ်ကွက်ပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ရစ်လော်ခေါင်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးစီးကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ရပ်ကွက်ပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခွဲအချိန်က စတင်ယှဉ်ပြိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ဂွမြို့နယ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ မြို့နယ်သံဃနာယကအဖွဲ့ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ၊ မဏိသဥ္ဇဏဝေလာ ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ - တရုတ်ကုန်စည်စီးဆင်းမှု လုပ်ငန်းများတွင် ကိုဗစ်-၁၉ ရောဂါကို စနစ်တကျထိန်းချုပ် ကာကွယ်မှုဖြင့် ပုံမှန်အတိုင်းစီးဆင်းနိုင်ရေးနှင့် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ကချင်ပြည်နယ်အတွင်း ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာ- တရုတ်ကုန်စည် စီးဆင်းမှု လုပ်ငန်းများ ကိုဗစ်-၁၉ ရောဂါကို ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကာကွယ်ထိန်းချုပ်ပြီး နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ပုံမှန်စဉ်ဆက်မပြတ် စီးဆင်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့ နံနက် ၉ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to