ကျောက်မဲမြို့၊ မူလတန်းကြိုကျောင်းတွင် ကလေးများနေ့အထိမ်းအမှတ် ကာယ/ဉာဏ စွမ်းရည်ပြိုင် ပွဲများကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယနေ့ နံနက် ပိုင်းက မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် အဖြစ်ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲ များနှင့် ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာ၊ လူထုအခြေပြုဗဟိုဌာနတွင် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင်  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်း ဆက်လက်ဆောင်ရွက်  

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ပြင်ဦးလွင်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေကတ်ပြားများ ဆက်လက်ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်  ၉း၃၀  နာရီက  ပြင်ဉီးလွင်မြို့၊   ရပ်ကွက်ကြီး ( ၁၀ )ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌  ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသည့် (ထက်၊လယ်၊မူပြ) သင်ကြားရေး ဆရာ၊ဆရာမ များ ခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲဖြေဆို

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသည့် (ထက်၊လယ်၊မူပြ) သင် ကြားရေး ဆရာ၊ ဆရာမ များ ခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် (၉)နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသည့် (ထက်၊လယ်၊မူပြ) သင်ကြားရေး ဆရာ၊ဆရာမ များ ခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲဖြေဆို

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသည့် (ထက်၊လယ်၊မူပြ) သင် ကြားရေး ဆရာ၊ ဆရာမ များ ခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် (၉)နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်၊ ရပ်ကွက်နေ ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ

 ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်း ​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက( ၁ )​ ​​‌ေကျာင်းဝန်းအတွင်းတွင် ယနေ့နံနက် (၀၉:၀၀) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒုတိယအကြိမ် (phase 6) ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း (၅၂၈)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

မုဒုံမြို့၌ ကိုဗစ်- ၁၉ မျိုးကွဲသစ်  အိုမီခရွန်​ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနတွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များအား  ကိုဗစ်-၁၉  မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး  ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို  အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ 

ဝမ်းတွင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်း သိမ်းနည်း သင်တန်းကို (အခမဲ့) ဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက် မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကို အခမဲ့ ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်းသိရသည်။

သာယာဝတီ ဗဟိုအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာဖြင့် အကျဉ်းသား လေးဦးအား လွှတ်ပေး 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ ဗဟိုအကျဉ်းဦးစီးဌာနမှ  လွတ်ငြိမ်းချမ်းသာဖြင့် အကျဉ်းသား လေးဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက သာယာဝတီ ဗဟိုအကျဥ်းထောင် အစည်းအဝေး ခန်းမ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁၅/၂၀၂၂)ဖြင့် ကျင့်-၄၀၁ (၁)အရ လွတ်မြောက်သည့် အကျဥ်းသား (၄)ဦးအား လွှတ်ပေးခဲ့ကြောင်းသိရသည်။ 

ငဖဲမြို့ အိုးမြေတွင်းမန်းချောင်းဘေးတွင် ပန်ဖူးစားပြောင်းစိုက်တောင်သူများစိုက်ပျိုးစရိတ်ကြီးမြင့်၍ အမြတ် အစွန်း အနည်း ငယ်သာကျန်ရှိ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့မရပ်ကွက် ချင်းစုရပ်မှတောင်သူများအနေဖြင့် မြို့၏အရှေ့ဘက်ရှိ လယ်မြေများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်အတူ မြေအောက်ရေနှင့်မန်းချောင်းရေတို့ကို အသုံးပြု၍ ဟင်းသီးဟင်းရွက်နှင့် ပန်ဖူးစားပြောင်းများကို စိုက်ပျိုးရောင်းချပြီး မိသားစုပုံမှန်ဝင်ငွေ ရရှိသော်လည်း ယခုနှစ်တွင် စိုက်ပျိုးစရိတ်များကြီးမြင့်၍ အမြတ်အစွန်းအနည်းငယ်သာကျန်ရှိကြောင်း ပြောင်းစိုက်တောင်သူ ဦးထွန်းထွန်းလေး ထံမှသိရသည်။
Subscribe to