တမူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က တမူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ကျင်းပခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ စကားဝါလမ်း၊ မြို့မကြက်တောင် အားကစားကွင်းတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ ရမည်းသင်းရုံးခွဲတို့ ပူးပေါင်း၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

( ၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့်သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် ခြင်း အခမ်းအနားကို ရန်အောင်မြေရပ်ကွက်၊ တာ့ဟွာခန်းမတွင် ယမန်နေ့နံနက် ၅ နာရီကကျင်းပပြုလုပ်ခဲ့သည်။

တောင်ကြီး၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အလံတင်ခြင်းနှင့် သဝဏ်လွှာ ဖတ်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ ယမန်နေ့ နံနက်(၅) နာရီက(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင် အခမ်းအနား ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် အလံအားလွှင့်တင်ပြီး တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များမှ သစ္စာ(၄)ချက်ရွတ်ဆိုခြင်းကို ဆောင်ရွက်ကြသည်။

သာယာဝတီမြို့၌(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ​ကျင်းပ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့်(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊စာစီစာကုံးပြိုင်ပွဲ၊ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင်းခြင်း အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်း (တောင်စွန်း)ကုန်ထုတ်စခန်းမှ အကျဉ်းသား ၅ဦး ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

နိုင်ငံ‌တော်စီမံအုပ်ချုပ်‌ရေးကောင်စီ၏ အမိန့်အမှတ် ၊ ၁၅/၂၀၂၂ အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် အကျဉ်းသား (ကျား) ၅ ဦးလွတ်ပေးခြင်း အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီက ဘီးလင်းမြို့ နယ် တောင်စွန်းကျေးရွာ အကျဉ်းဦးစီးဌာန (တောင်စွန်း) ကုန်ထုတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Booster Dose ထပ်မံထိုးနှံပေးနေ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Covishield ထိုးနှံပြီးသည့် (၆)လ အထက်ရှိသူများ ၊ အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ရဟန်းသံဃာများအား ကိုဗစ် - ၁၉ ရောဂါအန္တရာယ် ကင်းဝေးစေရေးအတွက် ဖေဖော်ဝါရီ ၁၂ ရက် ၊ ယနေ့ နံနက်ပိုင်းက Booster Dose ကိုဗစ်ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံ ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ရေးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ် ရေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာဆွေးနွေးပွဲ (Talk Show)ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲ ၁နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to