မုဒုံ ဖေဖော်ဝါရီ ၁၃
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနတွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များအား ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး ဟောပြောပွဲကို အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိမှုမရှိစေရေး၊ လက်ဆေးဘေစင်ထားရှိရေး၊ အပြင်ထွက်တိုင်း နှားခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး၊ အရာ ဝတ္ထုတစ်ခုခုကို ကိုင်တွင်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် သေချာဆေးကြောရန်နှင့် အိုမီ ခရွန်ရောဂါလက္ခဏများအကြောင်း စသည့်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော စည်းကမ်းချက်များတို့ကို ကျယ်တဝင့်သိရှိစေရန် ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြာပြီး မီးတပ်သတ်ဖွဲ့ဝင်များနှင့်အိမ်ထောင်စုဝင်များအား ကြက်ဥများနှင့် နှာခေါင်းစည်း (Mask)များတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)