လိပ်သို ဖေဖော်ဝါရီ ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာ၊ လူထုအခြေပြုဗဟိုဌာနတွင် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးချုပ်မှပေးပို့သော သုတ၊ ရသစာအုပ်များ၊ မဂ္ဂဇင်းနှင့် ရုပ်ပြစာအုပ်များပြသခဲ့ပြီး နံရံကပ်စာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးလှုပ်ရှားမှုများ၊ ကျောင်းသားဘဝမှတ်တမ်းဓါတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ အကြောင်းအရာများကို ခင်းကျင်းပြသ ခဲ့ကြောင်း သိရသည်။
နော်နီလာအေး(လိပ်သို)