သာယာဝတီ ဖေဖော်ဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ ဗဟိုအကျဉ်းဦးစီးဌာနမှ လွတ်ငြိမ်းချမ်းသာဖြင့် အကျဉ်းသား လေးဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက သာယာဝတီ ဗဟိုအကျဥ်းထောင် အစည်းအဝေး ခန်းမ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁၅/၂၀၂၂)ဖြင့် ကျင့်-၄၀၁ (၁)အရ လွတ်မြောက်သည့် အကျဥ်းသား (၄)ဦးအား လွှတ်ပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အကျဥ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး သိန်းထွန်းဝင်းတို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဒုညွှန်မှူး ဦးရဲရင့်နိုင်၊ ဦးအောင်ကျော်မိုးနှင့် ဒုရဲမှူး သိန်းထွန်းဝင်းတို့မှ ဆုံးမသြဝါဒစကား ပြောကြားကာ အကျဉ်းသားများအား ထောင်လွတ်လက်မှတ်နှင့်လမ်းစရိတ်အဖြစ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (သာယာဝတီ)