ရေစကြိုမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဆွေး နွေးပွဲ (Talk Show) ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကိုဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ် ဥက္ကံမြို့၊ နယ်လုံးဆိုင်ရာ ဇီဝိတဒါန အောက်စီဂျင်စက်ရုံ ဖွင့်ပွဲခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ နယ်လုံးဆိုင်ရာ ဇီဝိတဒါန အောက်စီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဥက္ကံမြို့ ဘုရင့်နောင်ရပ်ကွက် သီရိမင်္ဂလာကျောင်းတိုက်အနီး၌ စည်ကားသိုက်​မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဗန်းမော်မြို့တွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကာယ စွမ်းရည်ပြိုင်ပွဲနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁ဝ နာရီက ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း(ဗန်းမော်)၌ ကျင်းပခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သာမိုးတောင်အောက်ကျေးရွာ၌ လျှပ်စစ် မီးလင်းရေးဖွင့်ပွဲအခမ်းအနားကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ၊ သာမိုးတောင်အောက်ကျေးရွာ၌ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ကြောင်းသိရသည်။

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု သုံးသိန်းခြောက်သောင်း ခြောက်ထောင်ကျော် ထိုးပေးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှု အခြေအနေ ယမန့်နေ့ နံနက်ပိုင်းအချိန်ထိ ၃၆၆၀၇၂ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံကသိရသည်။

ပခုက္ကူမြို့၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကလေးများ၏ကာယ/ ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၂ခုနှစ်၊ မြန်မာနိုင်ငံကလေးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်ကျင်းပပြုလုပ်ခဲ့သည့် ကလေးများ၏ကာယ/ ဉာဏစွမ်းရည်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ရက် နံနက်၉နာရီအချိန်က ပခုက္ကူမြို့၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ မူလတန်းကြိုကျောင်း၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ (အ.ထ.က)ကျောင်းတွင် ကျောင်းဆောင် အဆောက်အအုံသစ် ဆောက်လုပ်နေမှု လုပ်ငန်းအရည်အသွေး ပြည့်မီရေး တာဝန်ရှိသူများ အဖွဲ့ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက်ရောက် ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေ အာရ်စီနှစ်ထပ် စာသင်ကျောင်းဆောင် အဆောက်အအုံသစ် ဆောက်လုပ်နေမှုအား ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် မြေပြင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွှဲ ၂ နာရီအချိန်က ဟိုပန်မြို့၊ မြို့နယ်အားကစားကွင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက်က သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူ များအား ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများပြုလုပ်ပေးပြီး ဆုများချီးမြှင့်ပေးခဲ့ကြသည်။

ရေနံချောင်းမြို့၌ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ဘောလုံး အဖွဲ့ချုပ်နှင့် လင်းကမ္ဘာဖူဆယ်မိသားစုတို့ ပူးပေါင်းကျင်းပသည့် မြို့နယ်အားကစားနှင့် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံး ပြိုင်ပွဲနှင့် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲများ ဖွင့်ပွဲခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဘူးကျွန်း(အရှေ့) ကျေးရွာရှိ လင်းကမ္ဘာဖူဆယ်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
Subscribe to