ကျောက်မဲမြို့၊ မူလတန်းကြိုကျောင်းတွင် ကလေးများနေ့အထိမ်းအမှတ် ကာယ/ဉာဏ စွမ်းရည်ပြိုင် ပွဲများကျင်းပ

ကျောက်မဲ ဖေဖေါ်ဝါရီ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊  လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယနေ့ နံနက် ပိုင်းက မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် အဖြစ်ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲ များနှင့် ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သည့် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ ကလေးများနေ့အဖြစ်သတ်မှတ်ခဲ့ပြီး ဗိုလ်ချုပ်ကိုကလေးများ လေးစား အတုယူ တန်ဖိုးထားတတ်စေရန် ၊ အမြဲတမ်း အမှတ်ရစေရန်  ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြို ကျောင်းရှိ  ကလေး ၅၀ ဦးတို့အား သီချင်း၊ ကဗျာ ရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီ၊  အရုပ်ကောက်ပြေး၊ အာလူးကောက်၊ ဘော်လုံးရွေးပြေး၊ ခုံရွှေ့ ပူပေါင်းဖေါက် အစရှိသည့် ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲ များကျင်းပ‌ပေး ရခြင်းဖြစ်ကြောင်းသိရသည်။

ယင်းပြိုင်ပွဲများတွင် ဆုရရှိသူများအား ကျောက်မဲမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်လဲ့လဲ့မြင့် ၊ ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းရီနှင့် တာဝန်ရှိသူ များက ဆုများချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)