ဝမ်းတွင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်း သိမ်းနည်း သင်တန်းကို (အခမဲ့) ဖွင့်လှစ်သင်ကြား

မိတ္ထီလာ   ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  အသက် မွေးဝမ်းကျောင်း အထောက်အကူပြု  အခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကို အခမဲ့ ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်းသိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   ကျေးလက်နေပြည်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေပြီးလုပ်ငန်းရှင်များ အတက်ပညာရှင်များအဖြစ် အသက်မွေး ဝမ်းကျောင်း လုပ်ငန်း ဆောင်ရွက်နိုင်ပြီး အိုးမကွာအိမ်မကွာ ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန်၊ အသေးစား စက်မှုလက်မှု လုပ်ငန်းများတိုးပွားလာစေရန်နှင့် တစ်ဦးချင်း ဝင်ငွေတိုးပွားလာပြီး  မိသားစုဝင်ငွေကို အထောက်အကူ ဖြစ်စေ၍ လူမှု့ဘဝဖွံ့ဖြိုးတိုးတက်စေကာ ဆင်းရဲမှုလျော့ချရေးတို့အတွက် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ  ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညန ၄နာရီအထိ မြို့နယ်အတွင်းရှိ ကုန်းကြီး ကျေးရွာ ၊ ရွှေဖလားကန်(တ)ကျေးရွာ၊ ဖလန်ကန်ကျေးရွာ၊ ဆုံကုန်းကျေးရွာတို့မှ သင်တန်းသား (၁၀)ဦးအား  အခမဲ့ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိကြောင်း  မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။

အဆိုပါ အခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းတွင် မော်တောင်ဆိုင်ကယ် အစိတ်အ ပိုင်းများနှင့် အလုပ်လုပ်ပုံ၊ ဆိုင်ကယ် ကိုယ်ထည်ကာဗာများ ဖြုတ်/တပ် လုပ်ဆောင်ခြင်း၊ ကလပ်အုံနှင့် သံလိုက်အုံ ဖြုတ်/တပ် လုပ်ဆောင်ခြင်း၊ အင်ဂျင်ဟတ်နှင့် ဘလောက်များ ဖြုတ်/တပ် လုပ်ဆောင်ခြင်း၊ ဂီယာဘောက် ဖွဲ့စည်းပုံနှင့် အင်ဂျင်နိုးရန် မီးစနစ်လုပ်ဆောင်ခြင်း၊ မော်တော်ဆိုင်ကယ် မီးပေးစနစ်ဆိုင်ရာ ချိတ်ဆက်အလုပ်လုပ်ပုံနှင့် သွယ်တန်းခြင်း စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေး လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)